Trip to Yangon to celebrate my niece's birthday part II
This trip I managed to see several friends I had not seen in a while. I had more time as I did not have my children with me.
မတွေ့ရတာ ကြာတဲ့ သူငယ်ချင်း တွေနှင့် ဒီတစ်ခေါက် ခရီးထွက်တာ တွေ့ရတယ်။ ကလေးတွေ မပါတော့ အရင်ထက် ပိုပြီး အချိန်ရှိတယ်။
On my first day, I ate Montinghar and many more. One of the reasons why I went home regularly was because I wanted to eat Burmese food. I didn’t usually get sick but this time, I ate four different kinds of food in three hours and got sick. Then I recovered in a few hours and became more careful.
ပထမရောက်တဲ့နေ့မှာ မုန့်ဟင်းခါး ရော၊ အခြား အစားအစာတွေရော တော်တော် စားလိုက်တယ်။ မြန်မာပြည်ကို ပုံမှန် ပြန်ရခြင်း အကြောင်းထဲမှာ မြန်မာအစားအစာ စားချင်တာကြောင့်လည်းပါတယ်။ ပုံမှန်အားဖြင့်တော့ အစားမှား ဝမ်းသွားတာတွေ ဘာတွေ မရှိဘူး။ ဒီတစ်ခါတော့ စားတာများသွားပြီး ပြန်အံ့တယ်။ နာရီပိုင်းအတွင်းပြန်ကောင်းပြီးတော့ နည်းနည်းသတိထားလိုက်တော့ နောက်ထက် ဘာမှ ဆက်မဖြစ်တော့ဘူး။
On my second day, I saw my high school friend whom I did not see for more than 17 years. It was great for me to see her. She is already a grandmother! We, Burmese, tend to marry young.
ဒုတိယနေ့မှာ အထက်တန်းကျောင်းတုန်းက မတွေ့ရတာ ၁၇နှစ်လောက်ကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တယ်။ သူက အခု အဖွားတောင်ဖြစ်နေပြီ။ တို့ မြန်မာတွေက အိမ်ထောင်ကျတာ စောတယ်။
We celebrated my niece’s one year birthday with mostly family, relatives and a few friends. In the evening, we drank the gin I brought, Bombay Sapphire, and discussed politics and religion. Most of us stayed up till one in the morning and I had to admit my buzz was gone by the time I went to bed.
တူမလေး တစ်နှစ်ပြည့်မွေးနေ့ကို မိသားစုရယ်၊ အမျိုးတွေရယ်၊ သူငယ်ချင်းတွေရယ် ပေါင်းပြီး စားကြတယ်။ ညပိုင်းရောက်တော့ ယူလာတဲ့ Bombaby Sapphire gin နဲ့ပေါ့။ ပြီးတော့ နိုင်ငံရေးပြော၊ ဘာသာရေးပြောနဲ့။ မနက်တနာရီထိ။ အမှန်အတိုင်းပြောရရင် အိပ်တဲ့ အချိန်ထိ စကားပြောတော့ မူးတာလေးပါ ပျောက်သွားတယ်။
My third day, we went to Ocean for shopping (my older niece and nephew) and I got a haircut. I also bought food to bring back to the States like pickled tea leaves and dried snacks.
In the evening, my younger brother and I went out to meet up with another friend whom I met in the States. We ate hot pot in a hot outdoor seating. The food was good and the company was excellent. After dinner, she treated us drinks at the Strand Hotel. I had not been to the Strand Hotel for over a decade. It was beautiful but quiet when we first arrived. Later, a different friend told me that he sold all the old photos of Yangon and Myanmar for decoration to the Strand Hotel. I bought three pieces from him two or three years ago. They looked nice.
ရောက်ပြီးတော့ ၃ရက်နေ့မှာ ၉မိုင် Ocean မှာ ဆံပင်သွားညှက်တယ်။ အမေနှင့် တူတွေ၊တူမတွေကတော့ စျေးဝယ်ပေါ့။ America ပြန်သယ်ဖို့အတွက်လည်း စားစရာဝယ်။ ညနေကြတော့ အသဲနှင့်အတူတူ America မှာတုန်းကသိတဲ့ သူငယ်ချင်းတယောက်ကို hot pot ဆိုင်မှာ ညစာစားပြီးတွေ့တယ်။ စားလို့ကလည်းကောင်း၊ စကားပြောလို့ကလည်းကောင်း။ ညစာစားပြီးတော့ သူငယ်ချင်းက Strand Hotel မှာလိုက်တိုက်တယ်။ Strand Hotel ကိုမရောက်တာ ၁၀နှစ်ကျော်ပြီ။ Hotel ကလှပြီးတော့ ရောက်ခါစတုန်းကတော့ လူသိပ်မရှိဘူး။
နောက်သူငယ်ချင်းတယောက်နှင့်တွေ့တော့ သူက hotel မှာရှိတဲ့ decoration လုပ်ထားတဲ့ ဓာက်ပုံတွေကို ရောင်းခဲ့တာတဲ့။ သူ့ဆီက တို့လည်း ၃ပုံလောက် ဝယ်ဖူးတယ်။ ဓက်ပုံတွေကလှတယ်။
Comments
Post a Comment